နိဒါန်း

မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်း၊ ‌မြေမျက်နှာပြင်အနေအထားတို့ကို တိုင်းတာရေးဆွဲရာ တွင်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်တိကျမှန်ကန်စွာ ဖြစ်ပေါ်လာရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့် ပူးတွဲတိုင်းတာသတ်မှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း‌ကောင်းမြေတိုင်းဦးစီး ဌာနသည် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

 
မြေတိုင်းသင်တန်းကျောင်း

မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁)မြေတိုင်းဌာနခွဲ၊ ပြင်ဦးလွင် မြို့ရှိ မြန်မာနိုင်ငံမြေတိုင်း သင်တန်းကျောင်းတွင် အောက်ဖော်ပြပါမြေတိုင်းပညာသင်တန်း များ ကို နှစ်စဉ်သင်ကြားပို့ချပေးလျက်ရှိပါသည်။
(က)    အရာရှိမြေတိုင်းသင်တန်း        သင်တန်းကာလ (၁၂)လ
(ခ)    တန်းမြင့်မြေတိုင်းသင်တန်း    သင်တန်းကာလ (၈) လ
(ဂ)    အခြေခံမြေတိုင်းသင်တန်း        သင်တန်းကာလ (၆) လ
(ဃ)    ဌာနတွင်းမွမ်းမံသင်တန်း        သင်တန်းကာလ (၃) လ    
(င)    မှန်ပြောင်းသင်တန်း        သင်တန်းကာလ (၂) လ

Read more...
 
UTM မြေပုံများတိုင်းတာရေး ဆွဲပုံနှိပ်ပြီးစီးမှု အခြေအနေ

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်ကာလမှစတင်ပြီး သုံးစွဲလာခဲ့သည့် Topographical Map များမှာ Lambert Projection မြေပုံအရိပ်ချစနစ်ဖြင့် ရေးဆွဲ ထားသည့်မြေပုံများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏နိုင်ငံကျယ်ဝန်းမှု အနေအထားသည် အရှေ့နှင့် အနောက်ဆန့်တန်းမှုထက် တောင်နှင့် မြောက်ဆန့်တန်းမှုတွင် ပိုမိုရှည်လျားသည်ကို ထင်ရှား စွာတွေ့မြင ်ရမည်ဖြစ်ပါသည်။

Read more...
 
မြေတိုင်းဦးစီးဌာန၏မူဝါဒ




မြေတိုင်းဦးစီးဌာန၏မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)    နိုင်ငံတော်အတွက်လိုအပ်သော မြေမျက်နှာပြင်ပြမြေပ ုံ(Topographical Map) များကိုတိကျမှန်ကန်စွာ တိုင်းတာရေး ဆွဲထုတ်လုပ်ပေးရန်၊
(ခ)    နိုင်ငံတော်၏ပိုင်နက်နယ်နိမိတ်ကို ထိခိုက်မှုမရှိစေဘဲတိကျ မှန်ကန်စွာတိုင်းတာ  သတ်မှတ်ပေးရန်၊
(ဂ)    မြေတိုင်းပညာရှင် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်၊